ညီမလေးရင်ထဲမှာ ကိုကိုတစ်ယောက်ထဲပါ တဲ့
ကိုယ်ကြည်နူးလို့ မဆုံးခဲ့ဘူး ချစ်သူ
* သိက္ခာရှိရှိ တောင်းရမ်းယူပါ တဲ့
ကိုယ် အစွမ်းကုန် ကြိုးစားနေပါတယ်
ကိုယ်က ဘဝသမားပါ ချစ်သူ
* မိဘမျက်နှာ အိုးမည်းမသုပ်ချင်ပါဘူးလို့
ပါးစပ်ကသာ အခါခါ ပြောခဲ့ပေမယ့်
တကယ်တမ်းကျတော့
ချစ်သူမျက်နှာ တစ်ရွာထင်ပြီး
မင်းလိုက်ခဲ့တယ် နော် ဒါပေမယ့်
မင်း တစ်ရွာထင်ခဲ့တဲ့ သူက
ကိုယ်မဟုတ်ခဲ့ဘူး ချစ်သူ
* ရုတ်တရက်မို့ ရင်ထဲမှာ
ကမ္ဘာပျက်သလို ဖြစ်သွားခဲ့ပေမယ့်
ထွက်ပေါက်ရှာနေတဲ့
မျက်ဝန်းအိမ်က မျက်ရည်ကို
အသိတရားတစ်ခုနဲ့ ထိမ်းချုပ်ခဲ့
ကိုယ်က ယောကျာင်္းတစ်ယောက်ပါ ချစ်သူ
ရင်ထဲမှာပဲ ငိုပါရစေ......
မေတ္တာစစ်နဲ့ ချစ်တတ်သူတိုင်း
ခံစားနားလည်နိုင်ပါစေ...........
နိုင်သူ
( တွယ်ရာမဲ့ ခရီးသည် )
No comments:
Post a Comment