နှစ်ယောက်တစ်ကမ္ဘာ ဖြစ်ခဲ့ပေမယ့်
ကမ္ဘာတစ်ဖက်ဆီ ဖြစ်နေလေတော့
နှစ်ယောက်အတူ လင်းခွင့်မရခဲ့ဘူးပေါ့....
အိုးချင်း မထိခဲ့သလို ၊ ကြိုးချင်းလည်း မငြိခဲ့ပါ...
ပျိုးခင်းတစ်ခုလိုတော့ ရေလောင်းပေါင်းသင်နေဆဲ
ဘယ်တော့မှ ပွင့်လာမယ်မှန်းမသိတဲ့
ငါလိုချင်ခဲ့တဲ့ ပန်းတစ်ပွင့်အတွက်ပေါ့.....
တွယ်ရာမဲ့ ခရီးသည်
မင်္ဂလာပါ..... ကျွန်တော့် page လေးကို လာလည်တဲ့အတွက် ကျေးဇူးပါ အစဉ်ကြိုးစားလျှက်..... ကိုနိုင် ( တွယ်ရာမဲ့ ခရီးသည် )
Monday, September 12, 2016
Sunday, September 4, 2016
Wednesday, October 21, 2015
❤ အချစ် ❤
အကျွမ်းတဝင် ရှိပြီးသား လူတစ်ယောက်
အတွက်တော့ ဘာမဟုတ်တဲ့ စကားလုံးလေး
တစ်ခုပေါ့...
တကယ်တန်ဖိုးထားတတ်သူအတွက်တော့
နံရိုးကျိုးသလိုပဲ....
ဘေးလူတွေ မမြင်နိုင်ပေမဲ့
အသက်ရူတိုင်း ရင်ထဲမှာ တစ်မြေ့မြေ့ နာကျင်
ခံစားရတယ်...
ငါဘာဖြစ်နေလဲ .....
ငါ့ကိုယ်ငါမသိနိုင်ပေမယ့်....
သေချာတာ တစ်ခုကတော့....
ပြီးခဲ့တဲ့ အချိန်တွေ နောက်ပြန်ရစ်လို့
ရမယ်သာဆိုရင်....
မင်းနဲ့ မတွေ့ခဲ့ဖို့ ပဲ ငါရွေးချယ်မိလိမ့်မယ်
💘💘💘💘💘💘💘💘💘💘💘
Tuesday, October 20, 2015
အချစ်မီးဆွယ်
💘အချစ်မီးဆွယ်
အရွယ်ငယ်လဲ
တကယ်ပူမှန်း
ထိ မှ သိ၏ 💘 တဲ့
ကျွန်တော်ကတော့
ထိရုံတင် မကပါဘူး ဝမ်းထဲထိ မျိုချမိထားတာ ။
မငိုတတ်ပေမယ့် ဝမ်းနည်းတတ်သူ တစ်ယောက်မို့
လက်ကိုင်ပဝါလေးဆောင်မထားရင်တောင်ခေါင်းလေး ငုံ့တတ်အောင်တော့ လေ့ကျင့်ထားပါတယ်....
တစ်ခုပဲ တွေးနေမိတယ်.....
နောက်ထပ် ဒီလိုအိပ်မပျော်တဲ့ညတွေ
ဘယ်လောက်များများ ဖြတ်သန်းရအုန်းမှာလဲ....လ
အရွယ်ငယ်လဲ
တကယ်ပူမှန်း
ထိ မှ သိ၏ 💘 တဲ့
ကျွန်တော်ကတော့
ထိရုံတင် မကပါဘူး ဝမ်းထဲထိ မျိုချမိထားတာ ။
မငိုတတ်ပေမယ့် ဝမ်းနည်းတတ်သူ တစ်ယောက်မို့
လက်ကိုင်ပဝါလေးဆောင်မထားရင်တောင်ခေါင်းလေး ငုံ့တတ်အောင်တော့ လေ့ကျင့်ထားပါတယ်....
တစ်ခုပဲ တွေးနေမိတယ်.....
နောက်ထပ် ဒီလိုအိပ်မပျော်တဲ့ညတွေ
ဘယ်လောက်များများ ဖြတ်သန်းရအုန်းမှာလဲ....လ
Saturday, October 17, 2015
Friday, October 16, 2015
ဖုန်းမည်သံ လန်းလန်းလေး အသုံးပြုချင်သူများအတွက်
ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့
ဖုန်းမည်သံ ဆော့ဝဲလေးပါ
လူကြိုက်အများဆုံး ခောတ်ပေါ်
သီချင်းများ နှင့် မြန်မာသံသီချင်းများကို ရွေး
ချယ်ထည့်သွင်းထားပါတယ်
👉ဒီမှာ နှိပ်၍ ဒေါင်းပါ 👈
ဖုန်းမည်သံ ဆော့ဝဲလေးပါ
လူကြိုက်အများဆုံး ခောတ်ပေါ်
သီချင်းများ နှင့် မြန်မာသံသီချင်းများကို ရွေး
ချယ်ထည့်သွင်းထားပါတယ်
👉ဒီမှာ နှိပ်၍ ဒေါင်းပါ 👈
Subscribe to:
Posts (Atom)